ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် အာမခံချက်ပေးထားမှုနှင့်စပ်လျဉ်း၍ အသိပညာပေး

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၇-၆-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေစကြိုမြို့နယ်တာဝန်ခံ ဦးမြတ်မင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေစကြိုမြို့နယ်တာဝန်ခံ ဦးသန်းမြင့်တို့ပူးပေါင်း၍ “ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ်  အာမခံချက်ပေးထားမှုနှင့်စပ်လျဉ်း၍ အသိပညာပေး” Talk Show ပြုလုပ်ကျင်းပခဲ့ပါသည်။

         Talk Show တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေစကြိုမြို့နယ်တာဝန်ခံ ဦးမြတ်မင်းက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ဌာနသမိုင်းအကျဉ်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေထုတ်ပြန်သည့်ရက်စွဲ၊ ပါဝင်သည့်အခန်း၊ ပုဒ်မများကိုပြောကြားခဲ့ပြီး ဆက်လက်၍ ကုန်စည်၊ ဝန်ဆောင်မှုတို့နှင့်စပ်လျဉ်း၍ အာမခံချက်ပေးထားမှုများကိုရှင်းလင်းဆွေးနွေးခဲ့ပြီး အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)