လှိုင်မြို့နယ်ရှိ စိန်ဂေဟာသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးပါ (၂) ဦးတို့သည် ၁၀-၆-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် လှိုင်မြို့နယ်၊ ပါရမီလမ်းမပေါ်ရှိ စိန်ဂေဟာသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကလေးကစားစရာအရုပ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် Robot၊ Super Race၊ Fire Department၊ Magic Cube၊ Block Set၊ Co Go၊ Frozen Fever၊ RC(ဘတ္ထရီပစ္စည်း)၊ Hight Speet Sport Car (ဓာတ်ခဲထည့်၍သုံးရသောကား) များတွင် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ သုံးစွဲပုံနည်းလမ်းနှင့် သတိပေးချက်ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ မိမိတို့ဌာနအနေဖြင့်လည်း ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ဆိုင်တာဝန်ခံအား အမှတ်တံဆိပ်ပြည့်စုံသော ပစ္စည်းများကိုသာအဓိကရွေးချယ်၍ရောင်းချပေးရန်နှင့် မိမိဆိုင်သို့လာရောက်၍ ပစ္စည်းတင်သွင်းသူများကိုလည်း ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ပစ္စည်းများကိုလက်ခံခြင်းမပြုရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)