“ သုံးခွမြို့နယ်၌ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များတွင် ဆေးနှင့်ဆေးပစ္စည်းများရောင်းချလျက်ရှိသော ဆေးဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်ချက်နှင့်အညီ ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချနေမှုများမဖြစ်ပေါ်စေရေန် ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဇွန်လ(၇)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ အဖွဲ့စုံဖြင့် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် စည်ပင်သာယာမြို့မဈေးအပြင်တန်း ဆိုင်အမှတ်(၈) အပြင် (၂၇၊ ၂၈) ရှိ အောင်ဆေးဆိုင်၊ အမှတ်(၆၆/၃) အောင်ဇေယျလမ်း၊ (၄)ရပ်ကွက်ရှိ စူပါဆေးဆိုင်၊ အမှတ်(၆၈/၅) နေခြည်ဆေးဆိုင်၊ ကောင်းမွန်ဆေးဆိုင်နှင့် ဟောင်ကောင်ဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချနေမှုရှိ/မရှိ၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

       အဆိုပါဆေးဆိုင်များတွင် ဆေးအမျိုးပေါင်း(၁၀၀)ကျော်ရှိပြီး ဆီးချို၊ သွေးချိုကျဆေး၊ သွေးကျဆေး၊ အာရုံကြောဆေး၊ အသည်းဆေး၊ နှလုံးဆေး၊ ယားနာဆေး၊ အားဆေး၊ အကိုက်ခဲပျောက်ဆေးများမှာ ရောင်းအားအကောင်းဆုံးသောဆေးများဖြစ်ပြီး AA၊ Mega၊ DKSH၊ Zifan စသည့်ကုမ္မဏီများမှ ဝယ်ယူဖြန့်ဖြူးသည့် ဈေးနှုန်းများအပေါ် (၈)ရာခိုင်နှုန်းအထိသာ အမြတ်တင်ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)