
၁၂.၆.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်း၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊မော်လမြိုင်မြို့ရှိ သီရိမြိုင်ရပ်ကွက်၊ မုပွန်ရက်ကွက်နှင့် မောင်ငံစျေးအတွင်း၌ လက်လီရောင်းချပေးသော စားအုန်းဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ်ရာနှုန်းထက် ပိုမို၍ ရောင်းချနေမှု ရှိ/မရှိကိုစစ်ဆေးခဲ့ရာ ဆီတစ်ပိဿာလျှင် (၅၉၄၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၁) ပိဿာနှုန်း ရောင်းချပေးရာ ဆီပိဿာပေါင်း (၈၃၀) ကိုရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
DOCA(မွန်)