Main menu

မော်လမြိုင်မြို့နယ်တွင် စားအုန်းဆီ ​​ရောင်းချ​နေမှုအား ကွင်းဆင်းစစ်​ဆေး

Powered by Drupal

     ၁၂.၆.၂၀၂၄ ရက်နေ့တွင် စားသုံးသူ​ရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်း၍ မွန်ပြည်နယ်၊ ​မော်လမြိုင်ခရိုင်၊​မော်လမြိုင်မြို့ရှိ သီရိမြိုင်ရပ်ကွက်၊ မုပွန်ရက်ကွက်နှင့် ​မောင်ငံ​စျေးအတွင်း၌ လက်လီ​ရောင်းချ​ပေး​သော စားအုန်းဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ်ရာနှုန်းထက် ပိုမို၍ ရောင်းချ​နေမှု ရှိ/မရှိကိုစစ်​ဆေးခဲ့ရာ ဆီတစ်ပိဿာလျှင် (၅၉၄၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၁) ပိဿာနှုန်း ရောင်းချပေးရာ ဆီပိဿာပေါင်း (၈၃၀) ကိုရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

DOCA(မွန်)