“သရက်သီးအခြေခံတန်ဖိုးမြင့်စားသောက်ကုန်(ယို၊ ဖျော်ရည်၊ ဝိုင်)ထုတ်လုပ်မှုနည်းပညာသင်တန်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျောက်ဆည်တက္ကသိုလ် ရုက္ခဗေဒဌာနတို့ပူးပေါင်း၍ ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်ကျေးရွာ၌ပြုလုပ်သည့် (၃-၆-၂၀၂၄)ရက်နေ့မှ (၉-၆-၂၀၂၄)ရက်နေ့အထိ (၇)ရက်ကြာဖွင့်လှစ်သော သရက်သီး (ယို၊ ဖျော်ရည်၊ ဝိုင်) ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ (၈-၆-၂၀၂၄)ရက်နေ့တွင်သွားရောက်ကာ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဇော်မင်းလတ်(ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ၏တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အချက်အလက်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ၄င်းသင်တန်းသို့ ဟံမြင့်မိုရ်ကျေးရွာအနီးရှိ သရက်သီးလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်(၂၀)ဦးတက်ရောက်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)