စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ အစည်းအဝေးကျင်းပခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး (ဒုတိယဦးစီးမှူး) သည် ၁၂-၆-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၁၅) နာရီအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် စားအုန်းဆီနှင့်ပတ်သက်၍ အစည်းအဝေးတက်ရောက်ခဲ့ပါသည်။

      ထိုသို့တက်ရောက်ခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်၊ (အဖွဲ့ဝင် -၂) ဦးကျော်သူဝင်း၊ (အဖွဲ့ဝင် - ၃) ဦးအောင်ကျော်စိုး၊ အတွင်းရေးမှူး ရဲမှူးတင်အောင်ဖြိုး၊ စီမံကိန်းဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သီတာအောင်၊ မြို့နယ်သမဝါယမမှ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီမွန်၊ ဈေးစည်ပင်တာဝန်ခံ(၅)ဦးနှင့် စားအုန်းဆီကိုယ်စားလှယ်+အုပ်ချုပ်ရေးမှူး (၂၆)ဦးတက်ရောက်ခဲ့ကြပြီး မြေပြင်တွင် ကုမ္ပဏီများမှရရှိသော စားအုန်းဆီများကိုကိုယ်စားလှယ်များမှတစ်ဆင့် လက်လီကိုယ်စားလှယ်များသို့ စားအုန်းဆီရောက်ရှိမှုစာရင်း၊ ခွဲဝေမှုစာရင်း၊ မြေပြင်တွင် ရောင်းချမှုစာရင်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ဆက်လက်၍ ကိုယ်စားလှယ်အများစုမှာ ယခင်ခွဲတမ်းများအတိုင်း မရရှိတော့ဘဲ ခွဲတမ်းလျော့ရသည့်အကြောင်းအရင်းနှင့်ပတ်သက်၍လည်းတင်ပြခဲ့ရာ ဥက္ကဋ္ဌက လက်ကားကိုယ်စားလှယ်ပေးသူများနှင့် လက်လီကိုယ်စားလှယ်ရရှိသူများအား အချင်းချင်းအဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် ပင်လုံးဈေး၊ အမှတ်(၂၀)ဈေးနှင့် အောင်မင်္ဂလာဈေးများမှ ခွဲတမ်းလျော့ရသည့် ဈေးတာဝန်ခံများကို လက်ကားကိုယ်စားလှယ် ဦးဇော်ကိုကိုက (၃၃၀)ပိဿာပြန်လည်ဖြည့်တင်းပေးခဲ့ပြီး အစည်းအဝေးကို နံနက်(၁၁:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)