စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ ချောင်ဦးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦးတို့သည် ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၁ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းအသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ကွင်းဆင်းအသိပညာပေးဆောင်ရွက်ရာတွင် မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံသည့် ကုန်စည်များရောင်းချနေခြင်းရှိ/မရှိ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အအမှတ် (၂/၂၀၁၉) နှင့် (၁/၂၀၂၁)ပါ ညွှန်ကြားချက်များပြည့်စုံခြင်းရှိ/မရှိ၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ကထုတ်ပြန်ထားသည့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil) အဖြစ်ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်ထားသည့် အမိန့်အမှတ် (၂/၂၀၂၄)ကို လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် လိုက်နာဆောင်ရွက်မှုမရှိပါက သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စားသုံးဆီအရောင်းဆိုင်ပိုင်ရှင်များအား အသိပညာပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)