ဗန်းမော်ရှိ သောက်ရေသန့် စက်ရုံလုပ်သားများအား အသိပညာပေးဟောပြော

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ပိုမိုသိရှိလေ့လာနိုင်ရန်အတွက် ၇.၃.၂၀၂၂ ရက်နေ့တွင် ဗန်းမော်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦစီးမှူး ဦးအောင်ကျော်ဦးသည် ဗန်းမော်မြို့ရှိ၊ HEAVEN သောက်ရေသန့်စက်ရုံလုပ်သား(၈)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပါသည်။

             ရှေးဦးစွာ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးမှ ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဥပဒေကို ပြဌာန်းခဲ့ပြီး ၁၈.၁.၂၀၂၂ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ်(၉/၂၀၂၂)ဖြင့် စားသုံးသူကာကွယ်ရေးနည်းဥပဒေများကို ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း၊စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်မည့်နည်းလမ်းများနှင့် စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခြင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)ဖွင့်လှစ်၍ ဆောင်ရွက်ပေးနေမှုအခြေအနေ၊ ဒီဂျစ်တယ်ငွေးကြေးဝန်ဆောင်မှုရယူ အသုံးပြုရာတွင် စားသုံးသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန                          

ကချင်ပြည်နယ်