ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး ဆန်/စပါးအသင်းနှင့်တွေ့ဆုံခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၂-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ညောင်ပင်ဈေးရပ်ကွက်ရှိ ဆန်/စပါးအသင်းဥက္ကဋ္ဌ ဦးနိုင်ထွန်းနှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆွေးနွေးခဲ့ရာတွင် ဆန်/စပါးအသင်းအဖွဲ့ဝင်(၁၃)ဦးရှိပြီး ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်ခိုင်ခိုင်မာမာရရှိရေး၊ ဈေးနှုန်းအဆမတန်မြင့်မားမှုမရှိစေရန်အတွက် သက်ဆိုင်ဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသင်းအနေဖြင့် ဇလွန်မြို့နယ်တွင် မိုးစပါးများလက်ကျန်နည်းပါးနေပြီး နွေစပါးများရသလောက် ဝယ်ယူကြိတ်ခွဲကာ ဒေသတွင်းပြည်သူများ စားသုံးမှုမပြတ်လပ်စေရန်နှင့် ဆန်ဈေးနှုန်းမြင့်တက်မှုမရှိစေရေး အဓိကထားဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူပြည်သူများ စပါးသစ်မပေါ်မီ ဆန်လုံလောက်စွာဝယ်ယူစားသုံးနိုင်ရေး၊ ဈေးနှုန်းမြင့်မားမှုမရှိစေရေးတို့အတွက် တောင်သူနှင့်ကုန်သည်များအကြား သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချနိုင်ရေး အသင်းသားများက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟုသိရှိရပါသည်။

DOCA(ဧရာဝတီ)