ဆန်စက်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်နှင့် ဝန်ထမ်းများသည် (၄.၃.၂၀၂၂) ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ ဟဲလုံကျေးရွာရှိ စပါး၊ ဆန်ကြိတ်ခွဲ ထုတ်လုပ်သော ဆန်စက်လုပ်ငန်းရှင် ဦးအောင်သန်းနှင့်တွေ့ဆုံ၍ စားသုံးသူအခွင့်အရေး အပြည့်အဝရ ရှိစေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

         ထိုသို့ဆွေးနွေးရာတွင် စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်က ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေး ဥပဒေကိုပြဌာန်းထားပြီး စားသုံးသူများအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရန်၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေး စီမံခန့်ခွဲမှုနှင့်သုတေသနဖွံဖြိုးရေးဆောင်ရွက်ရန် ရည်မှန်းချက်များချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများကို စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် မဖြစ်မနေလိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကုန်စည်များတွင် ဖော်ပြရမည့် အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ဖြင့် ထုတ်ပြန်ထားပြီးဖြစ်ကြောင်းနှင့် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သည့် ဆန်၊ ဆန်ကွဲအမျိုးအစားသည် အစားအသောက်အုပ်စုဝင်အခြားပြုပြင်၊ ထုတ်ပိုးထုတ်လုပ်ထားသော စားသောက်ကုန်အမျိုးမျိုးတွင်ပါဝင်သောကြောင့် ကုန်စည်များတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ်တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကိုက်ညီမှု ရှိ/မရှိအား စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြလျှောက်ထားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)