တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်၍ ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့၊ နံနက်(၇း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ပါရမီရပ်ရှိ ပြည်သူများအားစျေးနှုန်းသက်သာချောင်ချိစွာဖြင့် ဝယ်ယူနိုင်ရေးအခြေခံစားကုန်များအား ရောင်းချခဲ့ကြပါသည်။
အဆိုပါအခြေခံစားသောက်ကုန်များရောင်ချရာတွင် ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ အသား၊ ငါးများပါဝင်ပြီး ပြင်ပရောင်းချသောစျေးထက် သက်သာသောစျေးနှုန်းဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)