Main menu

မြိတ်မြို့တွင် စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားကုန်များရောင်းချ

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်၍ ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့၊ နံနက်(၇း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ပါရမီရပ်ရှိ  ပြည်သူများအားစျေးနှုန်းသက်သာချောင်ချိစွာဖြင့် ဝယ်ယူနိုင်ရေးအခြေခံစားကုန်များအား ရောင်းချခဲ့ကြပါသည်။

    အဆိုပါအခြေခံစားသောက်ကုန်များရောင်ချရာတွင် ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ အသား၊ ငါးများပါဝင်ပြီး ပြင်ပရောင်းချသောစျေးထက် သက်သာသောစျေးနှုန်းဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)