မော်လမြိုင်မြို့နယ်အတွင်းရှိ အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်မှ ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍   (၁၄-၆-၂၀၂၄)ရက်နေ့တွင် မော်လမြိုင်မြို့၊ အမှတ်(၁) ဈေးကြီးအတွင်းရှိကုန်စုံဆိုင်ကြီးများနှင့်  ကျိုက်မရောမြို့နယ် မြို့မဈေးနှင့် ရှင်စောပုရပ်ကွက်(၂)အတွင်းရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ ဦးစားပေးကုန်စည်ဖြစ်သော အသင့်စားခေါက်ဆွဲခြောက်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မားမား၊ ယမ်ယမ် အမှတ်တံဆိပ် ခေါက်ဆွဲခြောက်ထုပ်များတွင် မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါ/ မပါနှင့် စားသုံးသူများဘေးအန္တရာယ်ဖြစ်စေနိုင်သော ခေါက်ဆွဲခြောက်ထုပ်များရောင်းချခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ရာ စားသုံးသူများဘေးအန္တရာယ်ကင်းပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ခေါက်ဆွဲခြောက်ထုပ်များကိုသာရောင်းချလျက်ရှိသည်ကိုစစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား ဘေးအန္တရာယ်ကင်းသောကုန်စည်များကိုသာ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချစေရန် အသိပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

   DOCA(မွန်)