![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/22_15.jpg?itok=TWRkwa85)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၁၃.၆.၂၀၂၄) ရက်နေ့တွင် ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက် (အ.မ.က) မြို့သစ်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ လက်ရှိအချိန်တွင် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းတာဝန်များကို ဦးစွာပထမဟောပြောရှင်းလင်း၍ စားသုံးသူတိုင်းရယူခွင့်ရှိသော စားသုံးသူအခွင့်အရေး (၈)ချက်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာလျှင် စိတ်ချယုံကြည်စွာရွေးချယ်ဝယ်ယူအသုံးပြု စားသုံးကြစေရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်နိုင်မှုများကိုဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းနွယ်နှင့် ဆရာ/ ဆရာမ(၈)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၂၀) ဦးတို့ တက်ရောက်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)