ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့်အတူပူးပေါင်းကာ (၁၃-၆-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့ပေါ်ရှိ ဆန်ဆိုင်(၁၅) ဆိုင်အား ဆန်ဈေးနှုန်း၊ ဈေးကွက်အခြေအနေများ၊ ဆန်လက်ကျန်အခြေအနေ၊ ဈေးနှုန်းမကြီးမြှင့်စေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ၌ ဆန်ရောင်းချသူလုပ်ငန်းရှင်များကို မှတ်ပုံတင်လုပ်ထားသော ဂိုဒေါင်များတွင် ဆန်သိုလှောင်ထားရှိမှုအခြေအနေများ၊ ဆန်ဂိုဒေါင်များမှာ သိုလှောင်ရုံလုပ်ငန်းအလိုက် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များ၏ အပတ်စဉ်၊ လစဉ်စာရင်းများကို ပြုစုရေးဆွဲစာရင်းပြုလုပ်ထားရန်နှင့် ယခင်အပတ်ဈေးနှုန်း၊ ယခုအပတ်ဈေးနှုန်း၊ ယခင်နှစ်ဈေးနှုန်း၊ ယခုနှစ်ဈေးနှုန်းစာရင်းများကိုလည်းပြုစုရေးဆွဲထားရန် အကြုံပြုစစ်ဆေးခဲ့ပြီး လက်ရှိတွင် ပြည်တွင်းစားသုံးနေသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများမြင့်တက်နေသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားခြင်းမပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)