မိုးညိုမြို့နယ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေဥဒေါင်းရပ်ကွက်၌ သာယာဝတီခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့သည် ၁၄-၆-၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်သူ(၈၇)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာများဆွေးနွေးဟောပြောခဲ့ပါသည်။

     ပထမဦးစွာ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက ဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များအကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ စားသုံး/ ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များကိုဝယ်ယူအသုံးပြုရာတွင် ကုန်စည်၏အမျိုးအမည်၊ သုံးစွဲပုံနည်းလမ်း၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်များပါရှိရန်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများဖွင့်လှစ်ထားရှိကြောင်း အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)