လုံခြုံစိတ်ချရမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်စေရေး သွားရောက်တွေ့ဆုံအသိပညာပေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူ ခရိုင်ဦးစီးမှူးရုံး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၇.၆.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ဒေသတွင်းစားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက် ရှိသော ကိတ်နှင့်ဆီကြော်မုန့်၊ အီဆိမ့်ကွင်း၊ ငါးလေးနှမ်းကပ်ကြော်လုပ်ငန်းရှင်များထံသို့  သွားရောက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    ဒုတိယခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက် များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှထုတ်ပြန်ထား သော ညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အ လက်များ၊ လုပ်ငန်းရှင်များမှလည်း မိမိတို့ ထုတ်လုပ်သောကုန်စည်အမျိုးအစားအလိုက် စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉)အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီ သည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်း ဆွေးနွေး ခဲ့ပါသည်။

    စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆွေးနွေးရာတွင် မိမိတို့ဌာနမှ ဝန်ထမ်း များသည်  စားသုံးသူများအား ဟောပြောဆွေးနွေးရာတွင် စားသုံးးသူအခွင့်အရေးနှင့် တာဝန်များ အကြောင်းအား ကျယ်ကျယ်ပြန့်ပြန့်ဟောပြောမှုကြောင့်  ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် တောင်းဆိုနိုင်သည့် အခွင့်အရေးများသိရှိ၍ ရိုးရှင်းမှန်ကန်စွာ သတင်းအချက် အလက်ပေးစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ အချက်အလက် များအား ပြည့်စုံစွာထည့်သွင်းဖော်ပြစေလိုကြောင်း၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေမည့် ကုန်စည်များ အား တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ရောင်းချခြင်းမပြုရန်၊  စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင် ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်များ ပိုမိုရရှိလာနိုင်ပြီး စားသုံးသူများမှလည်း လုံခြုံစိတ်ချရသော ကုန်စည်များအား ရွေးချယ် ဝယ်ယူသုံးစွဲလာနိုင်၍ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးများရရှိစေလိုကြောင်း၊ အခက်အခဲများကိုလည်း ရင်းနှီးပွင့်လင်းစွာ ပြောပြစေလိုကြောင်း ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)