![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/41_15.jpg?itok=9th6irsM)
ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ဆေးဝါးပစ္စည်းရောင်းချသည့်လုပ်ငန်းရှင် (၈) ဦးအား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါ အသိပညာပေးရာတွင် ဒု-ခရိုင်ဦးစီးမှူးဦးစိုးမင်းထိုက်မှ ဆေးဝါးများအားသင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချရန်နှင့် ကျန်းမာရေးဦးစီးဌာန(FDA) မှ ထုတ်ပြန်ထားသော သောက်သုံးရန်နှင့် သုံးစွဲရန်မသင့်သောဆေးဝါးများ ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းမပြုရန်၊ ကျန်းမာရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသောဆေးဝါးများကိုသာရောင်းချရန်အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဟောပြောခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(ဧရာဝတီ)