“ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်ခြင်း”

Powered by Drupal

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဥမ္မာလင်း ( ဦးစီးမှူး)သည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၉.၆.၂၀၂၄) ရက်နေ့၊ နံနက်(၁၁၀၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ Communiry Center ခန်းမ၌ “ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ဆိုင်ရာ အသိပညာပေး Talk Show ” ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ထားထားလှိုင်မှ Talk Show ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းနှင့်ပတ်သက်၍  သိကောင်းစရာများအားရှင်းလင်းပြောကြားခြင်း၊ အွန်လိုင်းမှတ်ပုံတင်လျှောက်ထားရာတွင် လျှောက်ထားနိုင်သည့်ပုံစံများနှင့် လျှောက်ထားရာတွင်ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းအချက်အလက်များအား အသေးစိတ်ဆွေးနွေးခဲ့ ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)