ချောင်းဆုံမြို့နယ်ရှိ အမှတ် (၂) မြို့မဈေးတွင် စားသုံးဆီအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း

Powered by Drupal

   ၁၉.၆.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ် အမှတ်(၂) မြို့မစျေးအတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးဆီအမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ရှိ/ မရှိနှင့် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/ မရှိ  စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားနှင့် ထောက်ခံချက်များ ပြည့်စုံစွာဖော်ပြပါရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မွန်)