ညောင်တုန်းမြို့နယ်တွင် စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေး စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်အတွင်း  စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ (၂၀-၆-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၃၀)နာရီအချိန်တွင် ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချမှုရှိ/ မရှိကို ညောင်တုန်းမြို့ပေါ်ရှိဆီဆိုင်(၁၃)ဆိုင်အား  ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

      ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင်(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့ ဆီအရောင်းဆိုင်(၁၃)ဆိုင်သို့သွားရောက်ကွင်းဆင်း၍  ဆီသိုလှောင်ထားခြင်းရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆီရောင်းချသည့်ဆိုင်ရှင်များအား မြေပြင်အခြေအနေမှန်နှင့်ကိုက်ညီမှုရှိ/မရှိကို အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေး ပူးပေါင်းအဖွဲ့များဖြင့် လိုက်လံစစ်ဆေးခြင်းဖြစ်ကြောင်းကိုလည်းကောင်း၊ ဆီရောင်းချသူလုပ်ငန်းရှင်များကလည်း ၎င်းတို့ရောင်းချသော အပတ်စဉ် ဆီခွဲတမ်းရရှိမှုအရေအတွက်၊ နေ့စဉ်ဆီရောင်းချနိုင်မှု ပိဿာချိန်၊ ဖြန့်ဖြူးရောင်းချသည့်နေရာ၊ နေရပ်လိပ်စာများကို စာရင်းပြုစု၍ စနစ်တကျရောင်းချထားခြင်းအခြေအနေများကိုတင်ပြကြသည်။  ဆက်လက်၍ စစ်ဆေးရေးအဖွဲ့က သက်ဆိုင်ရာကုမ္ပဏီများမှ လုပ်ငန်းရှင်များကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စားဆီဖြန့်ဖြူးရောင်းချရာတွင် လုပ်ငန်းရှင်များက အကျိုးအမြတ်ရရှိရေးကိုသာမကြည့်ဘဲ ပြည်သူများ၏လိုအပ်ချက်ကို မှန်ကန်စွာရရှိစေရေးကိုလုပ်ဆောင်ကြရန်၊ ဈေးနှုန်း တည်ငြိမ်ရေးတို့ကို အဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်းဖြစ်၍ ညောင်တုန်းဈေးကွက်အတွင်း ရောင်းချသောဆီများမှာ သတ်မှတ်ရည်ညွှန်ဈေးဖြင့်သာရောင်းချနေကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)