ကျိုက်ထိုမြို့၌ စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ၂၄-၆-၂၀၂၄ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ရောင်းချလျက်ရှိသော စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျိုက်ထိုမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီအမျိုးမျိုး၌ ဘေးအန္တရာယ်ဖြစ်ပေါ်နိုင်မှုရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

       ကျိုက်ထိုမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော စားဆီများမှာ ပုဇွန်နှစ်ကောင် စားဆီများကိုသာရောင်းချလျက်ရှိကြောင်းတွေ့ရှိရပြီး မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီများကိုလည်း အနည်းငယ်ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပြီး ဆီဘူးများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသားများဖော်ပြလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့မှုကိုသိရှိရပါသည်။

DOCA(မွန်)