Olive Pharmacecrtical Co., ltd အား ပူးပေါင်းအဖွဲ့ဝင်များဖြင့် သွားရောက်စစ်ဆေးခြင်း

Powered by Drupal

      ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတင်မူမြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစိုးဝင်းထွန်း၊ ဆေးအသင်းမှဒေါက်တာဝင်းမာပြည့် စသည့်ဌာနများ ပူးပေါင်း ၍ ၂၁.၆.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင်  အမှတ်(၈၅၀) ဘုရင့်နောင် လမ်းနှင့်နီလာလမ်းထောင့် (၃၆) ရက်ကွက်၊ မြောက်ဒဂုံမြို့နယ်ရှိ  Olive Pharmacecrtical  Co., ltd  မှ ‌ဒေါ်ထက်ထက်အောင်နှင့်သွားရောက်တွေ့ဆုံ၍ ဆေးကုမ္ပဏီအတွင်းရှိ ဆေးဝါးများအား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

   ဆေးကုမ္ပဏီအတွင်းရှိ ဆေးများစစ်ဆေးရာတွင် ဆေး(၅၀)မျိုးရှိပြီး အဆိုပါဆေးများ ဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့် ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/ မရှိ တို့ကို စိစစ်ခဲ့ကြောင်း သိရှိရပါသည်။  

DOCA(ရန်ကုန်)