![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/79_8.jpg?itok=v_2al5Yd)
ရန်ကုန်တို်ငးဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲအား ဇွန်လ(၂၁)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီ အချိန်တွင် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသန်းနိုင်မှ မင်းပိုင်ရပ်ကွက်အတွင်းရှိ စားသုံးသူပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင်းအရေးများဖြစ်သည့် စားသုံးသူ၏အခြေခံလိုအပ်ချက်များပြည့်စုံစေနိုင်မှု၊ လွတ်လပ်စွာရွေးချယ်ဝယ်ယူ စေနိုင်မှု၊ နစ်နာဆုံးရှုံးမှုများအတွက် ပြောဆိုတိုင်ကြားနိုင်စေမှုစသည့် စားသုံးသူကာကွယ်ရေးအချက်များနှင့် လိုက်နာဆောင်ရွက်သင့်သည့် စားသုံးသူ၏တာဝန်များ၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် နစ်နာဆုံးရှုံးမှု များမရှိစေရန်အတွက် စားသုံးသူပြည်သူများအနေဖြင့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်ပစ္စည်းတစ်ခုချင်းစီ၌ ဖော်ပြပါရှိသည့် ကုန်အညွှန်းအမှတ်အသားများအား သေချာဖတ်ရှုဝယ်ယူသုံးစွဲကြရန်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ထောက်ခံချက်ရရှိထားသည့် ကုန်ပစ္စည်းများအား ရွေးချယ်သုံးစွဲသင့်ကြောင်း စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများ စသည်တို့ကို စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)