ရွှေပြည်သာ City Mart သို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး (လက်ထောက်ညွှန်ကြားရေးမှူး)၊ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွန့်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးစန်းလွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ AEO ဦးကျော်တိုင်မွှေး၊ ရွှေပြည်သာမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးဝင်းကြိုင်နှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ဦးတင်ရွှေတို့ပူးပေါင်းပါဝင်လျက် ၂၂-၆-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၂၀)နာရီအချိန်တွင် အမှတ်(၂၅၀/၂၅၁)၊ (၄၂/က)၊ အမှတ်(၄)လမ်းမကြီး၊ (၁)ရပ်ကွက်၊ စက်မှုဇုန်(၁)၊ ရွှေပြည်သာမြို့နယ်ရှိ ရွှေပြည်သာ City Mart သို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဈေးနှုန်းများတည်ငြိမ်ရေးအတွက် ကြပ်မတ်ဆောင်ရွက်နိုင်စေရန် ဆန်စပါးအပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်းရှိ/မရှိကို City Mart တာဝန်ခံ ဒေါ်အေးသန္တာဝင်းအား မေးမြန်းရာတွင် ရုံးချုပ်မှ မှာယူချပေးသောပစ္စည်းများကိုသာ ရောင်းချရကြောင်း၊ ဈေးနှုန်းကိုလည်း ရုံးချုပ်က ချပေးသည့်အတိုင်း ရောင်းပေးရကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)