တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၄၉၁၂၁)ဧက၊ အစေးလှီး ဧရိယာမှာ (၁၉၃၂၇၅)ဧက၊ အထွက်နှုန်းမှာ (၄၉၉.၉၉)ပေါင် ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၄၃၈၃၄) မက်ထရစ်တန် ရှိကြောင်း သိရှိရပါသည်။

              မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅ ) မျိုး ရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-1၊ RSS-3 နှင့် RSS-5 ( ၃ ) မျိုးသာ အဓိက အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

ရော်ဘာဈေးနှုန်းမှာ ယခင်နှစ်ထက် ယခုနှစ်တွင်  ဈေးကောင်း ပိုရလျက် ရှိပြီး ယခုအပတ်    (၇.၃.၂၀၂၂) မှ (၁၀. ၃.၂၀၂၂)အထိ ရော်ဘာစျေးနှုန်းမှာ RSS-1 တစ်ပေါင်လျှင် (၁၄၀ဝိ/-)ခန့်၊ RSS-3 တစ်ပေါင်လျှင် (၁၃၀ဝိ/-) ခန့်၊ RSS-5 တစ်ပေါင် လျှင် (၁၂၀ဝိ/-)ခန့် ပေါက်ဈေး ရှိပြီး RSS-1 သည်  RSS-3 နှင့် RSS-5 ထက် အပြစ်အနာ ဆာကင်းသောကြောင့် ဈေးကောင်း ပိုရလျက်ရှိကြောင်း သိရှိရပါသည်။ ရော်ဘာကို မော်လမြိုင်မြို့နှင့် ရန်ကုန်မြို့တို့ကိုသာ အများဆုံးတင်ပို့ကြောင်းနှင့် သယ်ယူပို့ဆောင်ခ (ကားခ) တစ်ပိဿာလျှင် (၈ဝိ/-) (၉ဝိ/-)နှုန်းရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)