ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ

Powered by Drupal

     စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း၌ ပြည်ခရိုင်၊ ပြည်မြို့၊ မြို့ပေါ်စတိုးဆိုင်များရှိ ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့၊ မြို့ပေါ်ကုန်စုံဆိုင်များရှိ ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးကိုလည်းကောင်း၊ ယွန်းတန်းရပ်ကွက် ကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့၊ ဥသျှစ်ပင်မြို့ပေါ် ကုန်စုံဆိုင်များရှိ ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးကိုလည်းကောင်း၊  ပေါက်ခေါင်းမြို့တွင် မြို့မဈေးကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များကိုတင်သွင်းရောင်းချခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ထောက်ခံမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)