ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ အစည်းအဝေးခန်းမဆောင်တွင် (၂၅-၆-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်၌ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့၏ ပြည်တွင်းစားဆန်ဈေးနှုန်းများ သင့်တင့်မျှတစွာတည်ငြိမ်မှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဆန်/စပါးလုပ်ငန်းရှင်များအနေဖြင့် ဆန်/စပါးများကို သတ်မှတ်ထားသောပမာဏထက်ကျော်လွန်၍ သိုလှောင်ခြင်းမပြုလုပ်ရန်၊ စားဆန်များအား နေ့စဉ်သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချပေးနိုင်ရေး၊ သားသတ်လုပ်ငန်းရှင်များအနေဖြင့်လည်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ရောင်းချပေးရေးတို့ကို လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီးနောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ရှိသူက အွန်လိုင်းမှတစ်ဆင့် ဆန်စပါးသိုလှောင်ခွင့်လိုင်စင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၅၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)