ကော့သောင်းမြို့နယ် ဆန်လက်လီ/လက်ကားအရောင်းဆိုင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     ကော့သောင်းမြို့နယ်၊ ကော့သောင်းမြို့နယ်ဆန်စပါးလုပ်ငန်းအသင်း၏ အစည်းအဝေးခန်းမတွင် ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် ၂၀၂၄ခုနှစ်၊ ဇွန်လ ၂၂ရက်နေ့၌ ဆန်လက်လီ/လက်ကားရောင်းချနေသည့် အရောင်းဆိုင်ရှင်များနှင့်တွေ့ဆုံခဲ့ကြပါသည်။

       အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ကော့သောင်းမြို့နယ်ဆန်စပါးလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးရဲမွန်က လက်လီ/လက်ကားဆန်အရောင်းဆိုင်များအား ၂၀-၆-၂၀၂၄ ရက်နေ့၌ Vitural စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များအား အဖွင့်အမှာစကားပြောခဲ့ပြီး၊ ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်မြသီတာ(ဦးစီးအရာရှိ) က လက်လီ/လက်ကားဆန်အရောင်းဆိုင်များ၌ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်နှင့်ဆီတို့အား အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားရှိကြောင်း၊ သတ်မှတ်ထားသောကုန်စည်များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုလုပ်ရန် တားမြစ်ထားကြောင်း၊ တားမြစ်ချက်ဖောက်ဖျက်ကျူးလွန်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရလည်းကောင်း အရေးယူခံရမည်ဖြစ်ကြောင်း၊ ဆန်ဆိုင်ကြီးများရှိ ဆန်သိုလှောင်ရုံများကို Online Registration စနစ်ဖြင့် Myanmar Rice Online (MyRo) တွင် မှတ်ပုံတင်ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးပြောကြားခဲ့‌ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)