စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၆-၆-၂၀၂၄ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိဆန်ဆိုင်များ၌ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အောင်ဝင်းဝင်းဆန်စက်နှင့် ဆန်ရောင်းဝယ်ရေးသို့သွားရောက်စစ်ဆေးရာ ကျားပျံဆန် (၁၀၈) ပေါင်ပါ တစ်အိတ်လျှင် (၁၄၀၀၀၀) ကျပ်၊ ကမာကြည် (၁၀၈) ပေါင်ပါ တစ်အိတ်လျှင် (၁၁၀၀၀၀) ကျပ်၊ ဧည့်မထ (၁၀၈) ပေါင်ပါ တစ်အိတ်လျှင် (၉၀၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာရှိ သက်ဝေလွင်ဆန်စက်နှင့် ဆန်ရောင်းဝယ်ရေးသို့သွားရောက်စစ်ဆေးရာ ကျားပျံဆန် (၁၀၈) ပေါင်ပါ တစ်အိတ်လျှင် (၁၅၀၀၀၀) ကျပ်၊ ကမာကြည် (၁၀၈) ပေါင်ပါ တစ်အိတ်လျှင် (၁၁၈၀၀၀) ကျပ်၊ ဧည့်မထ (၁၀၈) ပေါင်ပါ တစ်အိတ်လျှင် (၉၀၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စက်ပိုင်များအား သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းမပြုရန် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)