တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးကွက်

Powered by Drupal

        တနင်္သာရီတိုင်းဒေသကြီးသည် ကွမ်းသီးပင်များကို အများဆုံးစိုက်ပျိုးသော တိုင်းဒေသကြီး ဖြစ်ပါသည်၊၊ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုး ရှိပါသည်။ လက်ရှိတွင် ကွမ်းသီးအလုံး တစ်ပိဿာလျှင် (၅၃၀ဝိ/-)နှုန်းရှိပြီး ကွမ်းသီးခွဲခြမ်း တစ်ပိဿာ လျှင်(၅၅၀ဝိ/-)နှုန်း ပေါက်ဈေးရှိပြီး ရန်ကုန်မြို့ပေါ်တွင် (၆၀၀ဝိ/-)၊ (၆၂၀ဝိ/-)နှုန်း  ပေါက်ဈေးရှိကြောင်း သိရှိရပါသည်။

          ယခုအချိန်သည် ကွမ်းသီး အများဆုံးထွက်ရှိနေပြီး ကွမ်းသီးလုပ်ငန်းများ ပုံမှန်လုပ်ကိုင်လျက်ရှိသော်လည်း စျေးကွက်အတွင်းတွင် ပစ္စည်းအဝင်များသောကြောင့် ယခင်အပတ်ထက် ယခုအပတ်စျေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်၊၊ ကွမ်းသီးကို ထားဝယ်မှ ရန်ကုန်သို့ တင်ပို့ရာတွင် သယ်ယူပို့ဆောင်ခ(ကားခ) တစ်ပိဿာလျှင်(၈ဝိ/-)နှုန်း ရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)