မုဒုံမြို့စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့်ဆန်ဆိုင်များ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ၂၆-၆-၂၀၂၄ ရက်နေ့တွင် မုဒုံမြို့နယ်၊ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့်ဆန်ဆိုင်များ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထူးစုံစမ်းစစ်ဆေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်ရှိဆန်ဆိုင်ကြီးများ၊ ဆန်ဂိုထောင်များအားစစ်ဆေးခဲ့ပြီး ဆန်လက်ကျန် ပေါင်၁၀၈အိတ်၊ ပေါင်၁၀၀အိတ်၊ ပေါင်၅၀အိတ်၊ ပေါင်၂၅အိတ်အရေအတွက်များ၊ နယ်ထွက်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း၊ ဧည့်မထအုပ်စုဆန်အမျိုးအစားများနှင့် လက်ရှိရောင်းချနေသည့် စျေးနှုန်းများကိုစစ်ဆေးခဲ့ပြီး ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်းမပြုလုပ်ရန် ဆိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)