ကန့်ဘလူမြို့နယ်၌ စားအုန်းဆီရောင်းချမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ပြည်သူများ၊ ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေးအတွက် ၂၀၂၄ခုနှစ်၊ ဇွန်လ  ၂၉ရက်နေ့၊ နံနက် ၀၇:၃၀ နာရီအချိန်တွင် ကန့်ဘလူခရိုင်စုပေါင်းရုံး၌ ရောင်းချပေးခဲ့ရာ သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်းရှိ/မရှိ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ရောင်းချပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအမံဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ခရိုင်ဆီလုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်း၍ လာရောက်ဝယ်ယူကြသည့် ဝန်ထမ်းများအလွယ်တကူဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကာ ဝန်ထမ်းတစ်ဦးလျှင် စားအုန်းဆီ (၅၀)ကျပ်သားလျှင် ၃၀၅၀ကျပ်နှုန်းဖြင့် ၃၅၅ပိဿာကို ဈေးနှုန်းသက်သာစွာရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)