မော်လမြိုင်မြို့၌ ယခုမတ်လဒုတိယအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၁၀၃၀၀၊ ဆင်(ထိုင်း) ကျပ် ၁၀၅၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ်၉၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။
မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးနှုန်းအနည်းငယ်တက်လာပြီး အရောင်းအေးနေပြီး အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၈၄၇၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၈၀၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၈၅၀၀၀၊ ပုလဲ(အသေး) ၄၆% မြန်မာ (MPE) 50kg ပါတစ်အိတ် မှာ ကျပ်၄၈၅၀၀၊ ပုလဲ (အသေး) ၄၆% တရုတ် (ရွှေတောင်) 50kg ပါတစ်အိတ်မှာ ကျပ် ၅၉၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ်၈၅၀၀၀၊ တီစူပါ တရုတ် (သံကွင်း) 50kg ပါတစ်အိတ်မှာ ကျပ် ၅၂၀၀၀၊ ရှိခဲ့ပြီး ယခုအပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၈၆၅၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၈၅၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၈၈၅၀၀၊ ပုလဲ(အသေး) ၄၆% မြန်မာ (MPE) 50kg ပါတစ်အိတ် မှာ ကျပ်၅၂၀၀၀၊ ပုလဲ (အသေး) ၄၆% တရုတ် (ရွှေတောင်) 50kg ပါတစ်အိတ်မှာ ကျပ် ၆၁၅၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ်၉၃၀၀၀၊ တီစူပါ တရုတ် (သံကွင်း) 50kg ပါတစ်အိတ်မှာ ကျပ် ၅၅၀၀၀၊ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။
DOCA(မွန်)