စားသုံးဆီများအား ပြည်သူများထံသို့ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်း

Powered by Drupal

    ၂.၇.၂၀၂၄ ရက်နေ့တွင် ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်နှင့် ပေါင်မြို့နယ် ပေါင်းရပ်ကွက်တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။

   ဆီရောင်းချပေးရာတွင် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ဈေးနှုန်း (၆၀၅၅) ကျပ်ဖြင့် အိမ်ထောင်စု (၅၀၀) ကျော် (၈၀၀)နီးပါးအထိ ရောင်းချပေးနိုင်ခဲ့ပါသည်။ ပြည်သူများမှလည်း စိတ်ကျေနပ်စွာဝယ်ယူခဲ့ကြပြီး သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှလည်း လိုအပ်သည်များကို ကူညီပံ့ပိုးပေးခဲ့ကြပါသည်။

    ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်း အဆင်ပြေစွာ အလွယ်တကူဝယ်ယူစားသုံးနိုင်ပြီး ကုန်ဈေးနှုန်းတည်ငြိမ်နိုင်ရေး ရည်ရွယ်ကာ ယခုကဲ့သို့ စီစဉ်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

DOCA(မွန်)