ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့တွင် Solar စနစ်ဖြင့် ပထမဆုံး ဆန်စက်လည်ပတ်ကြိတ်ခွဲလျက်ရှိ

Powered by Drupal

    “နိုင်ငံ့စပါးကျီ ဧရာဝတီ” ဟူသောဆောင်ပုဒ်နှင့်အညီ ဧရာဝတီတိုင်းဒေသကြီးအတွင်း စပါးကြိတ်ခွဲရာတွင် ရှေးယခင်က ဘွိုင်လာစနစ်ဖြင့် ကြိတ်ခွဲခဲ့ပြီး နောက်ပိုင်း၌ လျှပ်စစ်ဖြင့် ကြိတ်ခွဲထုတ်လုပ်လျက်ရှိသော်လည်း ၂၀၀၁ခုနှစ်နောက်ပိုင်းတွင် လျှပ်စစ်၊ ဘွိုင်လာဖြင့် ကြိတ်ခွဲမှုပြန်ရှိပြီး စပါးကြိတ်ခွဲရာမှထွက်ရှိလာသော စပါးခွံကိုအသုံးပြု၍  Gasifier ဖြင့် လျှပ်စစ်ဓာတ်ထုတ်လုပ်၍ ဆန်စက်များလည်ပတ်ကြိတ်ခွဲလျက်ရှိရာ ယခုအခါ ဧရာဝတီတိုင်းဒေသကြီးအတွင်း လပွတ္တာမြို့ပေါ်ရှိ တန်(၃၀) ကျကြိတ်ခွဲထုတ်လုပ်နိုင်သော တိုင်းဝန်းဆန်စက်တွင် ပထမဦးဆုံး Solar စနစ်တပ်ဆင်၍ ကြိတ်ခွဲလျက်ရှိကြောင်း ဆန်စက်ပိုင်ရှင် ဦးလှရီထံမှသိရသည်၊၊

        အဆိုပါဆန်စက်တွင် အလျား၊ အနံ ၈ 'x ၄' ဆိုလာအချပ်ရေ ၄၈၀ တပ်ဆင်၍ ဆိုလာ ၁ချပ်လျှင် 580W ထွက်ရှိပြီး ဘက်ထရီ ၁၂လုံးတန်းတစ်တန်းလျှင် 60KW ထွက်ရှိကြောင်းသိရပြီး အင်ဗာတာ (၁)လုံးကို 60KW ထွက်ရှိကြောင်းသိရသည်၊၊ ဘက်ထရီ ၁၂လုံးတန်း ၄ခုကို အင်ဗာတာ ၄လုံးဖြင့်ဖွဲ့စည်းထားရှိပြီး ဘက်ထရီ ၁လုံးကို  ဆိုလာ ၁၀ချပ်နှုန်း၊ ဘက်ထရီ ၄၈လုံး၊ ဆိုလာ ၄၈၀ချပ်ကို 200KW ထွက်ရှိကြောင်းသိရပြီး ဆန်စက်တစ်ခုလုံးအတွက် သုံးစွဲမှုမှာ 150KW ဖြစ်ကြောင်းနှင့် ဆိုလာတပ်ဆင်မှုကုန်ကျစရိတ်မှာ ကျပ်သိန်းပေါင်း ၈၀၀၀နှင့် ကျပ်သိန်းပေါင်း ၁၀၀၀၀ကြား ကုန်ကျမှုရှိကြောင်းသိရသည်၊၊

       Solar စနစ်ဖြင့် ဆန်စက်ကြိတ်ခွဲထုတ်လုပ်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားချွေတာနိုင်ပြီး Gasifier စနစ်ဖြင့် ဆန်စက်လည်ပတ်မှုထက် ငွေအား၊ လူအားလျော့နိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေခြင်းတို့ကြောင့် နောင်တွင် ဆန်စက်အများစုမှာ Solar စနစ်ဖြင့် ကြိတ်ခွဲထုတ်လုပ်နိုင်ပြီး ရေရှည်အကျိုးအမြတ်ရရှိမည့်ဆန်စက်များ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပေါ်ထွက်လာမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်၊၊

DOCA(ဧရာဝတီ)