သထုံမြို့နယ်၌ သက်သာသော ဈေးနှုန်းဖြင့်ဆန်ရောင်းချခြင်း

Powered by Drupal

      ၃-၇-၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်၊ သထုံ-ဘားအံလမ်း၌ ဆန်/စပါးလုပ်ငန်းရှင်အသင်းနှင့် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ပူးပေါင်းပြီး ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချရာ၌ စနစ်တကျရှိစေရေး၊ စားသုံးသူပြည်သူများလက်ဝယ် အမှန်တကယ်ရောက်ရှိရေး၊ သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

       အဆိုပါနေ့တွင် ဧည့်မထဆန် (၁၀ မှတ်) တစ်ပြည်လျှင် (၃၀၀၀) ကျပ်၊ ပေါ်ဆန်းဆန်တစ်ပြည်လျှင် (၅၅၀၀) ကျပ်ဖြင့် လူတစ်ဦးလျှင် (၂) ပြည်နှုန်းဖြင့်ရောင်းချခဲ့ရာ ပြည်သူလူထု (၇၈၀) ဦးအား ရောင်းချပေးခဲ့ကြောင်းသိရှိရသည်။

        ထိုကဲ့သို့ ပြည်သူများကို သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချခြင်းအား သထုံမြို့၊ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်တွင် တစ်ရက်ခြားစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မွန်)