သနပ်ပင်မြို့ပေါ်ရှိ စားသုံးဆီ လက်လီ/ လက်ကား‌ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၃-၇-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပဲခူးခရိုင်၊  သနပ်ပင်မြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ/လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ မျှတသက်သာစွာဝယ်ယူသုံးစွဲနိုင်ရေးနှင့် အချင်အတွယ်မှန်ကန်စွာဝယ်ယူရရှိနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါဆွေးနွေးပွဲတွင် ပဲခူးခရိုင်ဦးစီးမှူးက စားအုန်းဆီရောက်ရှိမှုအခြေအနေ၊ စားအုန်းဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချသွားရန်၊ အချင်အတွယ်များကို မှန်မှန်ကန်ကန်ရောင်းချရန်နှင့် ဈေးနှုန်းများကိုရေးဆွဲ၍  Vinyl များပြုလုပ်ပြီး ထင်သာမြင်သာသောနေရာများတွင် ချိတ်ဆွဲရောင်းချသွားရန် စ‌သည့်အချက်များကိုမေးမြန်းဆွေးနွေးခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက ရောနှောဆီများရောင်းချရာတွင် သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးနိုင်ရေးအတွက် အမိန့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေး‌နွေးခဲ့ပါသည်။ ဆက်လက်၍ ဝေါမြို့နယ် မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော စားသုံးဆီဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)