ပြည်ခရိုင်၏နွေစပါးဈေးကွက်

Powered by Drupal

       ပြည်ခရိုင်တွင် နွေစပါးစုစုပေါင်းစိုက်ဧကမှာ ၃၂၂၉၀ဧကရှိပြီး ၂၄၄၅ဧကသာရိတ်သိမ်းပြီးဖြစ်ပါသည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် ၁၁၂.၆၉တင်းထွက်ရှိကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ် နွေစပါးပေါ်ချိန်တွင် စပါး(၄၆)ပေါင်တင်း၁၀၀လျှင် ကျပ်၁၆သိန်းမှ ကျပ်၁၇သိန်းအထိဈေးရှိခဲ့ပြီး ဇွန်လပိုင်း နွေစပါးပေါ်စတွင် ပြည်မြို့နယ်တွင် စပါးတင်း၁၀၀လျှင် ၁၄၇၀၀၀၀ကျပ်၊ ပေါက်ခေါင်းမြို့နယ်တွင် စပါးတင်း၁၀၀လျှင် ၁၅၀၀၀၀၀ကျပ်၊ ရွှေတောင်မြို့နယ်တွင် စပါးတင်း၁၀၀လျှင် ၁၄၇၀၀၀၀ကျပ်နှင့် ပန်းတောင်းမြို့နယ်တွင် စပါးတင်း၁၀၀လျှင် ၁၄၇၀၀၀၀ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဆန်ဈေးနှုန်းများအနေဖြင့် ရွှေတောင်မြို့နယ်တွင် နွေဆန်တစ်အိတ်လျှင် ၇၀၀၀၀ကျပ်၊ ပြည်မြို့နယ်တွင် နွေဆန်တစ်အိတ်လျှင် ၇၀၀၀၀ကျပ်၊ ပေါက်ခေါင်းမြို့နယ်တွင် နွေဆန်တစ်အိတ်လျှင် ၆၈၀၀၀ကျပ်နှင့် ပန်းတောင်းမြို့နယ်တွင် နွေဆန်တစ်အိတ်လျှင် ၆၇၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)