ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ မြို့နယ်ဦးစီးမှူးသည် (၁၀.၃.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာန Community  Centre  ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk  Show အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ပုဒ်မ-၂၂၊ ပုဒ်မ-၂၃၊ ပုဒ်မခွဲ(၇)ချက်တို့အားလည်းကောင်း၊ အခန်း(၁၂) ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးပုဒ်မ (၂၄)ပုဒ်မခွဲ(၄)ချက်နှင့် ပုဒ်မ-၃၅၊ ပုဒ်မခွဲ(၃)ချက်တို့အား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

            ထို့နောက် မိမိတို့ဌာနအနေဖြင့် လစဉ်လုပ်ငန်းစီမံချက်များဖြစ်သော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် SMEs လုပ်ငန်းများအား ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခြင်း၊ ဈေးများနှင့်ကုန်မျိုးစုံ၊ မုန့်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ကုန်စည်ဈေးနှုန်း သတင်းအချက်အလက်များ ရယူဆောင်ရွက်ခြင်း၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံ ကာ အသင်း၏လက်ရှိဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များအား ဆွေးနွေး ခြင်း၊ ၎င်းပြင်မိမိတို့ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံရေးစင်တာ (CICC) ဖွင့်လှစ်ကာ စားသုံးသူနှင့်လုပ်ငန်းရှင်တို့အကြား  အငြင်းပွားမှုများဖြစ်ပေါ်လာပါ်က စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)