မအူပင်မြို့နယ်ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊  မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂-၇-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ ဆေးမျိုးစုံရောင်းချသည့်ဆိုင်များအား မိတ်ဖက်ဌာနဖြစ်သော FDA၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့ပေါ်ရှိ ဆေးအမျိုးမျိုးရောင်းချနေသော ဆေးဆိုင်(၈)ဆိုင်၏ ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက်အမှတ်( ၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသည့် ကုန်စည်များကိုရောင်းချနေကြောင်းစစ်ဆေးတွေ့ရှိရပြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက တားမြစ်ထားသောဆေးဝါးများကို ရောင်းချခြင်းမရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ ဆက်လက်၍ ဆေးဆိုင်ရှင်များကိုလည်း ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ဆေးဝါးများကိုမရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်၍ ဆေးနှင့်ဆေးဝါးများကိုသိုလှောင်ထားခြင်း၊ ဈေးနှုန်းမြင့်တက်၍ ရောင်းချခြင်းများမပြုလုပ်ရန်၊ ဌာနတို့၏ တားမြစ်ကုန်စည်များကိုလည်းမရောင်းချရန်နှင့် သတ်မှတ်ချက်စည်းကမ်းများနှင့် မကိုက်ညီသောကုန်စည်များကို ရောင်းချခြင်းမျိုးစစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်တို့လိုက်နာရမည့်တာဝန်များကို ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)