
စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၇)ဆိုင်အား တရားမဝင်တင်သွင်းထားသောဆေးဝါးများရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် တာချီလိတ်မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ တရားမဝင်တင်သွင်းထားသော ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချနေခြင်းမရှိသည်ကိုစစ်ဆေးတွေ့ရှိခဲ့ရပြီး ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများက ဆေးဆိုင်ပိုင်ရှင်များအား တရားမဝင်တင်သွင်းထားသော ဆေးနှင့်ဆေးပစ္စည်းများကိုရောင်းချခြင်းမပြုရန်၊ ဆေးဝါးများအား စနစ်တကျထားသိုရန်၊ ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”၊ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)