ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးဈေးကွက်သို့ ပန်းအမျိုးအစားများ စုံလင်စွာ ဝင်ရောက်လျက်ရှိရာ ယခုတစ်ခါမှာဖြင့် ရှမ်း(တောင်)ဈေးကွက်သို့ ပုံစံတစ်မျိုးဖြင့် နယ်သာလန်နှင်းဆီများ ဝင်ရောက်လျက်ရှိပေသည်။ နယ်သာလန်နှင်းဆီမျိုးနှင့် ရိုးရိုးနှင်းဆီမျိုးများ ပေါင်းစပ်စိုက်ပျိုးထားသောကြောင့် နယ်သာလန်နှင်းဆီဟု ခေါ်ဆိုရခြင်းဖြစ်ပေသည်။ အခြားသောနှင်းဆီများထက် တမူထူးခြားသော အသွင်အပြင်နှင့် ထုတ်ပိုးမှုပုံစံများကြောင့် ဝယ်သူများ၏ စိတ်ဝင်စားမှု မြှင့်တက်လျက်ရှိပေသည်။ နယ်သာလန်နှင်းဆီများသည် ရှမ်းပြည်(တောင်ပိုင်း)ရှိ ရွှေညောင်- ညောင်ရွှေ အနီးတဝိုက်ရှိ တောင်လေးလုံးကျေးရွာနှင့် သံတဲကျေးရွာများတွင် အဓိကစိုက်ပျိုးကြပေသည်။ နယ်သာလန်နှင်းဆီများသည် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အဓိကထွက်သော ပန်းအမျိုးအစားဖြစ်ပေသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှတစ်ဆင့် ရန်ကုန်၊ မန္တလေး ၊ ပြင်ဦးလွင်စသည့် မြို့ကြီးများကို အဓိကတင်ပို့ရောင်းချလျက်ရှိပေသည်။ နယ်သာလန်နှင်းဆီများမှာ အရောင်စပ်ပုံကအစ လှပပြီး ချစ်စရာကောင်းသောကြောင့် ပန်းအလှဆင်သူများ၊ ပန်းစည်း(Handmade ) ပြုလုပ်သူများကြားတွင် အသုံးပြုမှုများပြားပြီး ရေပန်းစားလျက်ရှိပေသည်။ ရှမ်း(တောင်)ဈေးကွက်တွင် နယ်သာလန်နှင်းဆီများကို လက်လီဈေးနှုန်းအနေဖြင့် (၁၂)ပွင့်ပါ တစ်ကဒ်ကို ၂၅၀ဝိ/- ကျပ်မှ ၃၀၀ဝိ/- ကျပ်ထိ ရောင်းချလျက်ရှိပေသည်။
DOCA(ရှမ်း)