Main menu

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးဈေးကွက်သို့ ပုံစံတစ်မျိုးဖြင့် ဝင်ရောက်လာသည့် နယ်သာလန်နှင်းဆီ

Powered by Drupal

     ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး‌ဈေးကွက်သို့ ပန်းအမျိုးအစားများ စုံလင်စွာ ဝင်ရောက်လျက်ရှိရာ ယခုတစ်ခါမှာဖြင့် ရှမ်း(တောင်)ဈေးကွက်သို့ ပုံစံတစ်မျိုးဖြင့် နယ်သာလန်နှင်းဆီများ ဝင်ရောက်လျက်ရှိပေသည်။ နယ်သာလန်နှင်းဆီမျိုးနှင့် ရိုးရိုးနှင်းဆီမျိုးများ ပေါင်းစပ်စိုက်ပျိုးထားသောကြောင့် နယ်သာလန်နှင်းဆီဟု ခေါ်ဆိုရခြင်းဖြစ်ပေသည်။ အခြားသောနှင်းဆီများထက် တမူထူးခြားသော အသွင်အပြင်နှင့် ထုတ်ပိုးမှုပုံစံများကြောင့် ဝယ်သူများ၏ စိတ်ဝင်စားမှု မြှင့်တက်လျက်ရှိပေသည်။ နယ်သာလန်နှင်းဆီများသည် ရှမ်းပြည်(တောင်ပိုင်း)ရှိ ရွှေညောင်- ညောင်ရွှေ အနီးတဝိုက်ရှိ တောင်လေးလုံးကျေးရွာနှင့် သံတဲကျေးရွာများတွင် အဓိကစိုက်ပျိုးကြပေသည်။ နယ်သာလန်နှင်းဆီများသည် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အဓိကထွက်သော ပန်းအမျိုးအစားဖြစ်ပေသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှတစ်ဆင့် ရန်ကုန်၊ မန္တလေး ၊ ပြင်ဦးလွင်စသည့် မြို့ကြီးများကို အဓိကတင်ပို့ရောင်းချလျက်ရှိပေသည်။ နယ်သာလန်နှင်းဆီများမှာ အရောင်စပ်ပုံကအစ  လှပပြီး ချစ်စရာကောင်းသောကြောင့် ပန်းအလှဆင်သူများ၊ ပန်းစည်း(Handmade ) ပြုလုပ်သူများကြားတွင် အသုံးပြုမှုများပြားပြီး ရေပန်းစားလျက်ရှိပေသည်။ ရှမ်း(တောင်)ဈေးကွက်တွင် နယ်သာလန်နှင်းဆီများကို လက်လီဈေးနှုန်းအနေဖြင့် (၁၂)ပွင့်ပါ တစ်ကဒ်ကို ၂၅၀ဝိ/- ကျပ်မှ ၃၀၀ဝိ/- ကျပ်ထိ ရောင်းချလျက်ရှိပေသည်။         

DOCA(ရှမ်း)