ချောင်းဆုံမြို့နယ် ကွမ်သဲ (မူလွန်) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

    ၁၁.၇.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ် ကွမ်သဲ (မူလွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီးနှင့် အတူ ကျောင်းသား/သူ စုစုပေါင်း (၃၆၃) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပါ ပြဌာန်းချက်များဖြစ်သည့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်ညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် အချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့်အချက်များ၊ စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုများရှိလာပါက အရေးဆိုတိုင်ကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်ရှိကြောင်း၊ www.doca.gov.mm website ၊ Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535)တို့တွင် တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)