မြိတ်မြို့သို့ ဆန်ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်လျက်ရှိသည့်အတွက် ဆန်လိုအပ်မှုကို ဧရာဝတီတိုင်းဒေသကြီးမှ အဓိကဝယ်ယူလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၉ ) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိတ်လတ်မြို့နယ်မှ  MVမြမြမွန်ရေယာဉ်ဖြင့် ဆန်အိတ်များသယ်ယူလာခဲ့ပြီး (၁၂.၇.၂၀၂၄)ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိလာခဲ့သဖြင့် ၎င်းဆန်အိတ်များကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအပါအဝင် မြိတ်ခရိုင်အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြိတ်ကုန်သွယ်ရေးဦးစီးဌာန၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့်  MV-ဓနရွှေလမင်း ရေယာဉ်ရှိ ဆန်တန်(၅၀၀၀)၊ အိတ်ရေ (၁၀၀၀၀) ပါရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်စည်စီးဆင်းမှုမှန်ကန်စေရေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)