စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ သတင်းအချက် အလက်နှင့်နည်းပညာတာဝန်ခံနှင့် ဝန်ထမ်းများသည် (၈.၃.၂၀၂၂) ရက်နေ့တွင် ရပ်ကွက်(၁၀)မှ ဒေါ်ရွှေခင်၏ အောင်မြင်ဖြစ်ထွန်းနေသည့် စတော်ဘယ်ရီသီးစိုက်ခင်းသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့ကြပါသည်။
ဒေါ်ရွှေခင်၏ ပြောပြချက်အရ စတော်ဘယ်ရီသီး စိုက်ဧက (၂) ဧက ရှိပြီး တစ်ပိုင်တစ်နိုင်စီးပွားဖြစ် စိုက်ပျိုးခဲ့သည်မှာ (၁၀)နှစ်ခန့်ရှိပြီဖြစ်ကြောင်း မိသားစုဝင်ငွေရရှိ၍ အဆင်ပြေကြောင်းသိရှိရပါသည်။ စတော်ဘယ်ရီသီးမျိုးမှာ ထိုင်ဝမ်အကြီးမျိုးဖြစ်ပြီး အပျော့သီး/အကျွတ်သီးဟူ၍ နှစ်မျိုးရှိပြီး အပျော့သီးမျိုးကို သာအဓိအထားစိုက်ပျိုးကြောင်း သိရှိရပါသည်။ ၎င်းအပျော့သီးမှာ အလွန်နူးညံ့ချိုအိသောကြောင့် လူကြိုက် များ၍ ရောင်းအားသွက်ပြီးဈေးကောင်းရသောကြောင့် အဆိုပါအပျော့သီးကိုသာ အဓိကထားစိုက်ဖြစ်ကြောင်း သိရှိရပါသည်။
စတော်ဘယ်ရီသီးများကို ရေခြံမြေတွင်ဘောင်များဖော်ကာ ဘောင်အလိုက်စိုက်ပျိုးပါသည်။ အပင်များ အဟာရရှိစေရန် သဘာဝမြေဩဇာဖြစ်သည့် နောက်ချေးနှင့်မြေပြုပြင်ပြီးစိုက်ပျိုးကြောင်း သိရှိရပါသည်။ ၎င်းစတော်ဘယ်ရီပင်များမှာ မြေလျှောက်ပင်များဖြစ်ပြီး အသီးများသီးလျင် ပုရွက်ဆိတ်ဒဏ်မှ လွတ်ကင်းရန် နှင့်အသီးများတွင်မြေများကပ်နေလျှင် အသီးများရောင်းပန်းမလှသဖြင့် အဆိုပါပုရွက်ဆိတ်နှင့် မြေကြီးကပ် ခြင်းမရှိစေရန် အပင်များကြားတွင် ကောက်ရိုးများထည့်သွင်းစိုက်ပျိုးကြောင်းသိရှိရပါသည်။ စတော်ဘယ်ပင် များကို အောက်တိုဘာလတွင် စတင်စိုက်ပြီး၊ ဖေဖော်ဝါရီလတွင် အသီးများစတင်ထွက်ပေါ်ကြောင်း သိရှိရ ပါသည်။ အဆိုပါစတော်ဘယ်ရီသီးလေးများသည် ဖေဖော်ဝါရီလလည်တွင်စတင်ရင့်မှည့်ပြီး ခြင်းအနည်းငယ် ခူးဆွတ်ရပြီး မတ်လနှင့်ဧပြီလကုန်ခါနည်းတွင်နေ့စဉ်ပုံမှန် အနည်းဆုံး(၇)ခြင်းမှ (၁၁)ခြင်းထိခူးဆွတ်ရကြောင်း သိရှိရပါသည်။
စတော်ဘယ်ရီမျိုးပင်များကို ပျိုးပင်(၁)ပင်လျှင်(၁၀၀)ကျပ်ဖြင့် ပြင်ဦးလွင်မြို့မှဝယ်ယူရပြီး အပင်ပေါင်း(၅၀၀၀) ဝယ်ယူစိုက်ပျိုး ခဲ့ကြောင်းသိရှိရပါသည်။စတော်ဘယ်ရီသီးများ စိုက်ပျိုးရာတွင် နွားချီး၊ ကြက်ချီး၊ ကောက်ရိုး များ၊ အပင်အားတိုးဆေးများ၊ ပေါင်းသတ်ဆေးများဝယ်ယူရကြောင်းသိရှိရပါသည်။ ယခုကာလတွင် စတော် ဘယ်ရီသီးများမှည့်ပြီး စား၍ ကောင်းသည့်အချိန်ဖြစ်၍ စားသောက်ဆိုင်များ၊ ဖောက်သည်များမှ လာရောက် ဝယ်ယူရာ တစ်ရက်ကို(၁၀)ခြင်း ရောင်းရကြောင်းသိရှိရပါသည်။ စတော်ဘယ်ရီသီးများကို ယခင်ကပလပ် စတစ်ခြင်းသေး(၁)ခြင်း (၇၀၀၀)ကျပ် ဖြင့်ရောင်းချခဲ့သော်လည်း ယခုနှစ်ဝယ်ယူရသည့် ပစ္စည်းတန်ဖိုးများ မြင့်မားလာသည့်အတွက် ပလပ်စတစ် ခြင်းသေး(၁)ခြင်း (၈၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။
စတော်ဘယ်ရီသီးများ မိုးမမိပါက အရှုံးမပေါ်ပဲ အဆင်ပြေကြောင်း ကုန်ကျမှုနှင့် ဝင်ငွေရရှိမှုတို့ကို နှိုင်းယှဉ်ပါက အကျိုးအမြတ်အသင့်အတင့် ရရှိကြောင်း လေ့လာသိရှိရပါသည်။
DOCA(ရှမ်း)