ဖျာပုံမြို့၊ သမိန်ထောကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင်စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့  ပူးပေါင်း၍  ၂၀၂၄ခုနှစ်၊  ဇူလိုင်လ(၁၆)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့၊ သမိန်ထောကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား / ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ပေးခဲ့ပါသည်။

    အဆိုပါအသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍  စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများအကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများကိုဝယ်ယူခြင်းမပြုမီ  သတိပြုဆောင်ရွက်ရမည်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စာသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို   ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ကုန်စည်အမျိုးအစားအလိုက် သက်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည်အချက်များ၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးခြင်း၊ ဘေးအန္တရာယ်ရှိသောကုန်စည်နှင့်ဝန်ဆောင်မှုများကို  ဈေးကွက်အတွင်းမှ  ပြန်လည်သိမ်းဆည်းစေရေး၊တားမြစ်ရေးများကို အခါမလပ်ကြိုးစားအားထုတ်ကာ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း အသိပေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)