ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ဈေးချိုတောင်ရပ်ကွက်၊ သဲတန်းလမ်းရှိ ငွေကြယ်မုန့်မျိုးစုံထုတ်လုပ်ငန်းအား (၁၇-၇-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့တို့ကြည့်ရှုစစ်ဆေးခဲ့ရာ MSMEs လုပ်ငန်းတစ်ခုဖြစ်သော ငွေကြယ်မုန့်လုပ်ငန်းအနေဖြင့် စားသောက်ကုန်ဖြစ်သည့်အတွက် စားသုံးသူများဘေးကင်းလုံခြုံရေးအား အထူးအလေးထားရန်၊ ထုပ်ပိုးမှုစနစ်များ ပြုပြင်ဆောင်ရွက်သွားရန်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ၏ထောက်ခံချက်ရရှိရေး ဆောင်ရွက်နိုင်ရန်တို့ပြောကြားခဲ့ပြီး MSMEs လုပ်ငန်းအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးယူရရှိထားမှု၊ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ထားခြင်းကြောင့် လုပ်ငန်းတွင်လိုအပ်သည့် အဆင့်မြင့် စက်ပစ္စည်းများကိုဝယ်ယူထားနိုင်ကြောင်း၊ ထုတ်ကုန်များကိုတိုးမြှင့်ထုတ်လုပ်လျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်နှင့်အညီ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်ကပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဆောင်ရွက်ထားပြီးဖြစ်ကြောင်း စစ်ဆေးမှုများအရသိရှိရပါသည်။
DOCA(ပဲခူး)